Debug: Using org_code = WJ3Q11
+95 9 250 006 421, +95 9 798 191 462
No. 62/72, Chindwin Road, Kamaryut Township, Yangon, Myanmar.
Mon to Fri (8:30 AM to 5:30 PM) & Sat (8:30 AM to 1:00 PM)
GED (သို့မဟုတ်) တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ၂၀၂၃/၂၀၂၄ မှာ အောင်မြင်ထားသူတွေ အတွက် ကျပ်သိန်း (၂၀၀) ကျော် တန်ဖိုးရှိတဲ့ Kaplan Merit Scholarship 2024

GED (သို့မဟုတ်) တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ၂၀၂၃/၂၀၂၄ မှာ အောင်မြင်ထားသူတွေ အတွက် ကျပ်သိန်း (၂၀၀) ကျော် တန်ဖိုးရှိတဲ့ Kaplan Merit Scholarship 2024

 
ပညာသင်ဆု လျှောက်ထားဖို့ စိတ်ပါဝင်စားသူ တွေအတွက် Kaplan Singapore ရဲ့ Kaplan Merit Scholarship 2024 ပညာသင်ဆု အကြောင်းကို ဝေမျှပေးလိုက်ပါရစေ။
 
Kaplan Merit Scholarship 2024 ပညာသင်ဆုကို Kaplan Higher Education Academy မှာ ပညာသင်ကြားမယ့် ကျောင်းသူကျောင်းသားတွေကို ပံ့ပိုးကူညီ လိုတဲ့ ရည်ရွယ်ချက်နဲ့ ပေးအပ်ထားခြင်း ဖြစ်ပါတယ်။
 
✅ ပညာသင်ဆုကို ၂၀၂၃ မှာ တက္ကသိုလ်ဝင်တန်းကို စုပေါင်း ရမှတ် (၄၀၀) နဲ့ အထက် အောင်မြင်ထားသူတွေ၊
✅ GED စာမေးပွဲကို ၂၀၂၃ / ၂၀၂၄ မှာအောင်မြင်ထားပြီး စုစုပေါင်း ရမှတ် (၆၆၀) နဲ့ အထက် ရရှိထားသူတွေ လျှောက်ထားနိုင်ပါတယ်၊
✅ ၂၀၂၄ ခုနှစ် အတွင်းမှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုထားပြီး အမှတ် (၄၀၀) နဲ့ အထက် ရရှိမယ့် သူများလည်း လျှောက်ထားနိုင်ပါတယ်။
 
ဘာသာစကား လိုအပ်ချက် အနေနဲ့ IELTS overall Band scores 6.0 နဲ့ အထက် (သို့မဟုတ်) Kaplan ရဲ့ English Proficiency Test ကို ဖြေဆိုနိုင်ပါတယ်။ GED အောင်မြင်ထားသူတွေအနေနဲ့ English မှာ ရမှတ် (၁၆၅) နဲ့အထက် ရထားရင်တော့ ဘာသာစကားလိုအပ်ချက်ကို ပြည့်မှီပြီးသားမို့ IELTS ပြစရာ မလိုတော့ပါဘူး။
 
ဘာသာစကားနဲ့ ပညာရေး လိုအပ်ချက် ပြည့်မီပြီဆိုရင်တော့ ပညာသင်ဆု ရရှိဖို့အတွက် စာလုံးရေ (၃၀၀) ထက်မပိုတဲ့ စာစီစာကုံး တစ်ခုကိုပါ တင်ပေးရမယ်နော်။ စာစီစာကုံးကိုတော့ အောက်ပါ ခေါင်းစဉ်တွေထဲက နှစ်သက်ရာ တစ်ခုကိုရွေးချယ်လို့ရပါတယ်။
 
🟥 (1) . Define success as a Kaplan student, both at an individual level and as a global citizen in the community.
🟥 (2). As a Kaplan student, how would you organize sustainability events and programmes on campus?
🟥 (3). If you could design an ideal Kaplan experience as an international student, what would it be?
 
ပညာသင်ဆုကို Kaplan Singapore ရဲ့ Diploma in Professional English & Kaplan Diploma programmes တွေကို 2024 intakes အတွက် လျှောက်ထားသူတွေကို ပေးအပ်သွားမှာပါ။
 
ပညာသင်ဆုကို ၂၀၂၄ ခုနှစ်၊ ဇူလိုင် (၃၀) ရက်နေ့ မတိုင်ခင် စာရွက်စာတမ်း အပြည့်အစုံနဲ့ လျှောက်ထား နိုင်ပါတယ်။ လူဦးရေ ကန့်သတ်ချက်လည်း ရှိလို့ အစောဆုံး လျှောက်ထားသူတွေ အတွက် ပညာသင်ဆု ရရှိဖို့ပိုပြီး အခွင့်အရေးများပါမယ်နော်။
 
ပညာသင်ဆုနဲ့ ကျောင်းလျှောက်ထားဖို့ အတွက်ကို RVi INSTITUTE က အခမဲ့ ပညာရေး ဝန်ဆောင်မှု ဆောင်ရွက်ပေးမှာမို့ စိတ်ပါဝင်စားသူတွေ အနေနဲ့ ဖုန်း 📞၀၉ ၈၈၇၇၇၆၈၂၆/ ၀၉၇၉၈၁၉၁၄၆၂/ ၀၉ ၂၅၄၇၇၇၈၉၈/ ၀၉ ၄၂၈၆၅၇၃၁၄ တို့ကို ဆက်သွယ်မေးမြန်း နိုင်ပါတယ်။

Kaplan merit scholarship 2024