Debug: Using org_code = WJ3Q11
+95 9 250 006 421, +95 9 798 191 462
No. 62/72, Chindwin Road, Kamaryut Township, Yangon, Myanmar.
Mon to Fri (8:30 AM to 5:30 PM) & Sat (8:30 AM to 1:00 PM)
စင်ကာပူ အစိုးရ Polytechnic ကျောင်းများတွင် တက်ရောက်ခွင့် ရရှိပါ က ရရှိနိုင်မည့် အကျိုးကျေးဇူးများ

စင်ကာပူ အစိုးရ Polytechnic ကျောင်းများတွင် တက်ရောက်ခွင့် ရရှိပါ က ရရှိနိုင်မည့် အကျိုးကျေးဇူးများ

စင်ကာပူ အစိုးရ Polytechnic ကျောင်းများတွင် တက်ရောက်ခွင့် ရရှိပါ စင်ကာပူအစိုးမှ ပေးအပ်သော ပညာသင် ထောက်ပံ့ကြေးငွေ နှင့်အတူ ရရှိနိုင်မည့် အကျိုးကျေးဇူးများ

 

✔️ စင်ကာပူအစိုးမှ ပေးအပ်သော ပညာသင်ထောက်ပံ့ကြေးငွေ ရရှိနိုင်ခြင်း

Polytechnics ကျောင်းများတွင် ဝင်ခွင့်ရရှိသူများသည် စင်ကာပူ အစိုးရမှ ပေးအပ်သော ပညာသင် ထောက်ပံ့ကြေးငွေအား ရရှိပါသည်။ ပညာသင် ထောက်ပံ့ကြေးရရှိပါက ကျောင်းလခအချို့အား ကင်းလွတ်ခွင့် ရရှိမည် ဖြစ်သောကြောင့် ကျောင်းစရိတ် သက်သာနိုင်မည် ဖြစ်ပါသည်။

 

✔️  ပညာသင်ချေးငွေ ထပ်မံရယူနိုင်ခြင်း

ငွေကြေး အခက်အခဲ ရှိသူများအတွက်လည်း ပညာသင် ချေးငွေအား ထပ်မံရယူနို်ငပါသည်။ ပညာသင်ချေးငွေအား ပညာသင်ထောက်ပံ့ကြေး ရရှိပြီး ကျောင်းလခ အပေါ်တွင် ချေးငွေရယူ နို်ငခြင်းဖြစ်ပြီး စင်ကာပူ အစိုးရမှ သတ်မှတ်ထားသော စည်းမျဉ်းနှင့် ကိုက်ညီပါက ချေးငွေ ရယူနိုင်ပါသည်။


✔️ ကျောင်းတက်နေစဉ်အတွင်း အချိန်ပိုင်း လုပ်ကိုင်ခွင့်ရရှိခြင်း

စင်ကာပူနိုင်ငံတွင် အစိုးရမှ အချိန်ပိုင်း အလုပ်လု်ပခွင့် တရားဝင်ခွင့်ပြုထားသော ကျောင်းများတွင် Student pass ဖြင့် အချိန်ပြည့် တက်ရောက်နေသော နိုင်ငံတကာ ကျောင်းသူကျောင်းသားများသည် အချိန်ပိုင်း အလုပ်လုပ်ခွင့်အား တပတ်လျှင် (၁၆) နာရီ လုပ်ကိုင်ခွင့် ရရှိကြပါသည်။ အစိုးရ Polytechnics ကျောင်းများသည် ကျောင်းသူကျောင်းသားများ တရားဝင် အချိန်ပိုင်း အလုပ်လုပ်ကိုင်ခွင့် ရရှိနိုင်သည့် ကျောင်းများ ဖြစ်ပါသည်။  

 

✔️ အနာဂတ် အသက်မွေး ဝမ်းကြောင်း အလုပ်အကိုင်အတွက် စာတွေလက်တွေ့ သင်ကြားပေးခြင်း

Polytechnic ပညာရေးသည် ကျောင်းသူ ကျောင်းသားများအား ဒီပလိုမာဘွဲ့ ရရှိပြီးပါက လက်တွေ့ လုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်နိုင်ရန် ရည်ရွယ်၍ စာတွေ့/လက်တွေ့ သင်ရိုးညွှန်းတမ်းများဖြင့် လေ့ကျင့် သင်ကြားပေးလျှက် ရှိပါသည်။

 

✔️ Polytechnic ဒီပလိုမာဖြင့်လုပ်ငန်းခွင် ဝင်ရောက်နိုင်ခြင်း

Polytechnic ဒီပလိုမာ ရရှိရန် ကျောင်းသူကျောင်းသားများသည် (၃) နှစ် ပညာသင်ကြားကြရပြီး ဒီပလိုမာဘွဲ့ ရရှိပြီးပါက လုပ်ငန်းခွင်များသို့ ဝင်ရောက်လုပ်ကိုင် နိုင်ကြပါသည်။။ Polytechnic Diploma ရရှိပြီးသူများသည် လုပ်ငန်းခွင်သို့ ဝင်ရောက်ပါက အခြေခံလစာ SGD 2500 မှ 3000 ကြားစတင်၍ ရလေ့ ရှိကြပါသည်။


✔️  စင်ကာပူ အစိုးရ တက္ကသိုလ်ကျောင်းများတွင် ဆက်လက်တက်ရောက်ခွင့် ရရှိခြင်း

 

Polytechnic ကျောင်းများတွင် နှစ်စဉ် GPA ကောင်းမွန်၍ ထူးချွန်စွာ အောင်မြင်သော ကျောင်းသူ/သားများသည် ကမ္ဘာ့ထိပ်တန်း စာရင်းဝင် စင်ကာပူ အစိုးရ ကျောင်းများဖြစ်သော National University of Singapore (NUS) နှင့် Nanyang Technological University (NTU) ကျောင်းနှင့် စင်ကာပူ အစိုးရ တက္ကသိုလ်ကျောင်းကြီး များသို့ တိုက်ရိုက် တက်ရောက်ခွင့် ရရှိ နိုင်ပါသည်။

 

✔️ ကမ္ဘာတဝန်းရှိ ထိပ်တန်း တက္ကသိုလ်များတွင်လည်း ဆက်လက်ပညာသင်ယူနိုင်ခြင်း

စင်ကာပူ အစိုးရ၏ Polytechnic Diploma များသည် ကမ္ဘာ့တစ်ဝန်းတွင် အသိအမှတ်ပြုထားသောကြောင့် နို်ငငံတကာရှိ ထိပ်တန်း တက္ကသိုလ်များတွင်လည်း ဆက်လက်၍ ပညာသင်သင်ကြားနိုင်ပါသည်။ မိမိတို့ ရွေးချယ်သည့်ကျောင်း၊ တက်ရောက်လိုသည့် ဘာသာရပ်နှင့် Polytechnic Diploma ရလဒ်များ အပေါ်မူတည်၍ ပထမနှစ်အားလည်း ကင်းလွတ်ခွင့် ရရှိ၍ ဒုတိယနှစ်မှ စတင် တက်ရောက် ရရှိနိုင်ပါသည်။

 

 

Polytechnics ကျောင်းများအကြောင်း ပိုမို သိရှိလိုပါက RVi institute 📞 ဖုန်း - ၀၉- ၂၅၀၀၀၆၄၂၁၊ ၀၉- ၈၈၇၇၇၆၈၂၆၊ ၀၉-၇၉၈၁၉၁၄၆၂ နှင့် ၀၉ ၄၂၈၆၅၇၃၁၄ သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

Polytechnic