Debug: Using org_code = WJ3Q11
+95 9 250 006 421, +95 9 798 191 462
No. 62/72, Chindwin Road, Kamaryut Township, Yangon, Myanmar.
Mon to Fri (8:30 AM to 5:30 PM) & Sat (8:30 AM to 1:00 PM)
စီးပွားရေး ပညာရပ်ကို စိတ်ပါဝင်စားတယ်ဆိုရင် လေ့လာထားသင့်တဲ့ ဘာသာရပ်များ

စီးပွားရေး ပညာရပ်ကို စိတ်ပါဝင်စားတယ်ဆိုရင် လေ့လာထားသင့်တဲ့ ဘာသာရပ်များ

စီးပွားရေး ပညာရပ်ကို စိတ်ပါဝင်စားတယ်ဆိုရင် ဘာတွေလေ့လာထားသင့်လဲ။

အကယ်၍ သင်က စီးပွားရေး ပညာရပ်ကို လေ့လာလိုပြီး အောင်မြင်တဲ့ စီးပွားရေး ပညာရှင် ဖြစ်ချင်တယ် ဆိုရင်တော့ ဒီပိုစ့်က သင့်အတွက်ပဲ ဖြစ်ပါတယ်နော်။

စီးပွားရေး ပညာရပ်ကို လေ့လာမယ်ဆိုရင် အောက်ပါ ပညာရပ်တွေကို အခြေကစပြီး ပိုင်နိုင် ကျွမ်းကျင်အောင် လေ့လာထားဖို့ လိုပါမယ်နော်။

Accounting (စာရင်းကိုင် ပညာ)

စီးပွားရေး လုပ်ငန်း တစ်ခု ရေရှည် ရပ်တည် နိုင်ဖို့ဆိုရင် လုပ်ငန်းရဲ့ ငွေကြေးအင်အား၊ ဝင်ငွေ၊ထွက်ငွေ၊ အရှုံး၊အမြတ်၊ အသုံးစရိတ် သတ်မှတ်ခြင်း၊ ငွေကြေး စီမံခန့်ခွဲခြင်း၊ အခွန်ဆောင်ခြင်း စတာ တွေကို တက်ကျွမ်း နားလည်ထားဖို့ လိုအပ်တဲ့အတွက် စီးပွားရေး ပညာရပ်ကို စိတ်ပါဝင်စားသူတိုင် Accounting ကို လေ့လာထားဖို့ လိုအပ်ပါတယ်။

Accounting ပညာရပ်မှာ ငွေစာရင်းရှင်းတမ်း တွေကို စိစစ်လေ့လာခြင်း နဲ့ ငွေကြေး အချက်အလက် အပေါ် မူတည်ပြီး ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ အသုံးစရိတ် စီမံခန့်ခွဲခြင်းတို့ကိုလည်း လေ့လာနိုင်မှာ ဖြစ်ပါတယ်။

Economics (ဘောဂဗေဒ)

Economics ကိုတော့ ဈေးကွက် အလုပ်လုပ်ပုံ၊ ဈေးနှုန်း သတ်မှတ်ရာမှာ ရောင်းလိုအားနဲ့ ဝယ်လိုအားရဲ့ လွှမ်းမိုးနိုင်မှုနဲ့ စီးပွားရေး မူဝါဒတွေက စီးပွားရေး လုပ်ငန်းတွေ အပေါ် အကျိုးသက်ရောက်မှု ရှိပုံတွေကို နားလည် ထားရမှာ ဖြစ်တဲ့အတွက် လေ့လာထားဖို လိုအပ်ပါတယ်။

စီးပွားရေးအခြေခံမူတွေကို နားလည် ထားခြင်းက ဈေးကွက်မှာ ခေတ်စားနေတဲ့ လမ်းကြောင်းကို ကြိုတင် ခန့်မှန်းနိုင်ခြင်း၊ ဈေးနှုန်း သတ်မှတ်ရာမှာ မှန်ကန်စွာ ဆုံးဖြတ်နိုင်ခြင်း နဲ့ ထိရောက်တဲ့ စီးပွားရေး နည်းဗျူဟာတွေကို ချမှတ်ခြင်းတို့မှာ အရေးပါတဲ့ အခန်းက မှာလည်း ပါဝင်နေပါတယ်။

Finance (ဘဏ္ဍာရေး)

စီးပွားရေး လုပ်ငန်းတွေမှာ ငွေကြေး စီမံခန့်ခွဲနိုင်မှု၊ ရင်းနှီးမြှုပ်နှံမှု နဲ့ မျှော်မှန်းမထားသော ငွေကြေးဆုံးရှုံး နိုင်မှုတို့ကိုလည်း သိရှိနားလည်ဖို့ လိုအပ်တဲ့အတွက် Finance ကိုလည်း လေ့လာထားရမှာ ဖြစ်ပါတယ်။

ရင်းနှီးမြှပ်နှံ့မှုု အတွက် ဆုံးဖြတ်ချက် ချမှတ်ခြင်း၊ ငွေကြေးစီးဆင်းမှုကို စီမံခန့်ခွဲခြင်း၊ ငွေကြေးပိုင်းဆိုင်ရာ တည်ငြိမ်မှုရှိခြင်း နဲ့ စီးပွားရေး လုပ်ငန်းတွေ ဖွံဖြိုးတိုးတက်မှု တို့အတွက် ဘဏ္ဍာရေး ဗဟုသုတတွေဟာ လေ့လာထားရမယ့် ပညာရပ်လည်း ဖြစ်ပါတယ်။,

 

 

 

Marketing (ဈေးကွက် ရှာဖွေရေး)

အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းတွေမှာ ဝယ်သူရဲ့ လိုအပ်ချက်ကို သိရှိ နားလည်ပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်ထားနိုင်ခြင်းက အားသားချက် တစ်ခုပဲ ဖြစ်ပါတယ်။

Marketing ပညာရပ်မှာ ဝယ်သူရဲ့ လိုအပ်ချက်ကို လေ့လာဆန်းစစ်ပြီး လိုအပ်တဲ့ ကုန်ပစ္စည်းတွေ ထုတ်လုပ်ပေးနိုင်ခြင်း၊ ဝန်ဆောင်မှု ပေးခြင်း၊ ခိုင်မာတဲ့ ဆက်ဆံရေး တည်ဆောက်ခြင်း တို့ကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။

ကိုယ့်လုပ်ငန်းရဲ့ အမှတ်တံဆိပ်ကို လူတွေကြားထဲ ထိုးဖောက်ပြီး ဈေးကွက်အတွင်းကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိ နိုင်အောင်နဲ့ အရောင်းမြှင့်တင်ရေးတို့ အတွက်လည်း Marketing ပညာရပ်ကို မဖြစ်မနေ လေ့လာထားဖို့ လိုအပ်ပါတယ်။

Management (စီမံခန့်ခွဲမှုု ပညာ)

Management ပညာရပ်ဟာ လုပ်ငန်းအဖွဲ့အစည်းတွေရဲ့ သဘောသဘာဝ၊ ဦးဆောင်နိုင်ခြင်း၊ ဆုံးဖြတ်ချက်များ ချမှတ်ခြင်း၊ မဟာဗျူဟာကျကျ စီမံကိန်းရေးဆွဲခြင်း တို့အတွက် အရေးပါတဲ့ လေ့လာသင်ယူမှု ဖြစ်ပါတယ်။

စီမံခန့်ခွဲနိုင်မှု စွမ်းရည်ဟာ စီးပွား‌ရေး လုပ်ငန်းတွေကို ထိထိရောက်ရောက်နဲ့ အကျိုးရှိရှိ လည်ပတ်နေနိုင်မှု၊ ကောင်းမွန်တဲ့ လုပ်ငန်းပတ်ဝန်းကျင်ကောင်း တစ်ခု အဖြစ် မြှင့်တင်ပေးနိုင်မှု၊ လုပ်ငန်းရဲ့ ရည်မှန်းချက်တွေကို အောင်မြင် ပြီးမြောက်နိုင်မှု တို့အတွက် အလွန်အရေးပါတဲ့ ပညာရပ်မို့ လေ့လာထားဖို့ လိုအပ်ပါတယ်။

ဒီ ပညာရပ်တွေ အားလုံးကို အခြေခံကနေ စပြီး ခြုံငုံ လေ့လာထားပြီးမှ ကြိုက်နှစ်သက်ရာ စီးပွားရေး ပညာရပ်ကို Accounting, Banking and Finance, Business Management/ Administration, International Business, Economics, Supply Chain and Logistic Management, စသည်ဖြင့် အထူးပြုပြီး ဆက်လက် လေ့လာ နိုင်ပါတယ်။ 

စီးပွားရေး ပညာရပ် အတွက် လေ့လာထားသင့်တဲ့ ပညာရပ် တွေကို အခြေခံနေ စလေ့လာချင်တယ်၊ ပြီးရင် နိုင်ငံတကာက ပေးတဲ့ စီးပွားရေး ဘွဲ့တွေကို ကုန်ကျစရိတ် သက်သာစွာ ရယူလိုတယ်ဆိုရင်တော့ RVi Institute မှာ Business Foundation programmme ကို ပညာသင်ဆု နဲ့အတူ တက်ရောက်နိုင်ပါတယ်နော်။

 

အသေးစိတ်ကို ဖုန်း 📞 ၀၉၂၅၀၀၀၆၄၂၁၊ ၀၉၂၅၄၇၁၁၈၉၈၊ ၀၉၇၉၈၁၉၁၄၆၂ နဲ့ ၀၉၄၂၈၆၅၇၃၁၄ တို့ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ်

စီးပွားရေး ပညာရပ်အား စိတ်ပါဝင်စားသူများ လေ့လာထားသင့်သည့် ဘာသာရပ်များ အကြောင်း

  • Business