Debug: Using org_code = WJ3Q11
+95 9 250 006 421, +95 9 798 191 462
No. 62/72, Chindwin Road, Kamaryut Township, Yangon, Myanmar.
Mon to Fri (8:30 AM to 5:30 PM) & Sat (8:30 AM to 1:00 PM)
ဧပြီ ၂၀၂၅ တွင် စင်ကာပူ အစိုးရ ပိုလီတက္ကနစ်ကျောင်း၌ တက်ရောက်ကြမည့် သူများအတွက် ရရှိနိုင်မည့် အကျိုးခံစားခွင်းများ

ဧပြီ ၂၀၂၅ တွင် စင်ကာပူ အစိုးရ ပိုလီတက္ကနစ်ကျောင်း၌ တက်ရောက်ကြမည့် သူများအတွက် ရရှိနိုင်မည့် အကျိုးခံစားခွင်းများ

နှစ်စဉ် ဧပြီလတွင် တက်ရောက်ကြရသည့် စင်ကာပူ အစိုးရ ပိုလီတက္ကနစ်ကျောင်းတွင် တက်ရောက်ခွင့်ရရှိပါက သင့်အတွက် အောက်ပါ အကျိုးခံစားခွင်းများကိုပါ ရရှိနိုင်မည် ဖြစ်ပါသည်။ 

စင်ကာပူ အစိုးရမှ ထောက်ပံ့ပေးသော ပညာသင်ထောက်ပံ့ကြေးနှင့် ပညာသင်ချေးငွေ ရရှိနိုင်ခြင်းတို့ကြောင့် ကျောင်းလခ ကုန်ကျစရိတ် သက်သာစေခြင်း

ပညာသင်ထောက်ပံ့ကြေးနှင့် ပညာသင်ချေးငွေ အကြောင်းအား အောက်ပါ link များတွင် လေ့လာနိုင်ပါသည်။

https://bit.ly/SIN_TG

https://bit.ly/SIN_TFL

စင်ကာပူတွင် Student pass ဖြင့် အချိန်ပြည့် တက်ရောက်နေသူများ အတွက် စင်ကာပူ အစိုးရမှ တရားဝင် ခွင့်ပြုထားသော အချိန်ပိုင်း အလုပ်လုပ်ကိုင်ခွင့်အား ရရှိခြင်း

ပိုလီတက္ကနစ် ဒီပလိုမာအား ထူးချွန်စွာ အောင်မြင်ပါက ကျောင်းစရိတ်အပြီးနှင့် နေစရိတ်အချို့ ထောက်ပံ့ပေးသည့် Asian Undergraduate Scholarship နှင့် အစိုးရ တက္ကသိုလ်ကြီးများမှ ပေးအပ်သော ပညာသင်ဆုများကို လျှောက်ထား ရယူနိုင်ခြင်း

National University of Singapore (NUS) နှင့် Nanyang Technological University (NTU) ကဲ့သို့ ကမ္ဘာ့ထိပ်တန်း စာရင်းဝင်ကျောင်းများနှင့် စင်ကာပူ အစိုးရ တက္ကသိုလ်ကျောင်းကြီး များသို့ တိုက်ရိုက် တက်ရောက်ခွင့် ရရှိနိုင်ခြင်း

နို်ငငံတကာရှိ ထိပ်တန်း တက္ကသိုလ်များတွင်လည်း (လေ့လာမည့် ဘာသာရပ်အလိုက်) ဘာသာရပ် ကင်းလွတ်ခွင့် များဖြင့် ဆက်လက် တက်ရောက်နိုင်ခြင်း

ပိုလီတက္ကနစ် ဒီပလိုများဖြင့် လုပ်ငန်းခွင်များသို့ အချိန်ပြည့် ဝင်ရောက်လိုက်ကိုင်နိုင်ပြီး အခြေခံလစာ SGD 2,500 မှ 3,000 ကြားစတင်၍ ရရှိနိုင်ခြင်း တို့ဖြစ်ပါသည်။

စင်ကာပူအစိုးရ ပိုလီတက္ကနစ်ကျောင်းများအား IGCSE ကျောင်းသူ/သားများနှင့် မြန်မာ အထက်တန်းအောင် ကျောင်းသူ/သားများ လျှောက်ထားနိုင်ပြီး ဝင်ခွင့်သတ်မှတ်ချက် ရှိပါသည်။

မြန်မာ အထက်တန်းအောင် ကျောင်းသူ/သားများသည် စင်ကာပူ အစိုးရ ပိုလီတက္ကနစ်ကျောင်းများအား လျှောက်ထားရာ၌ ဝင်ခွင့်ဖြေဆိုရမည် ဖြစ်ပါသည်။

ဝင်ခွင့်စာမေးပွဲ ပြင်ဆင်ပေးသည့် သင်တန်းအား RVi INSTITUTE တွင် တက်ရောက်နိုင်ပြီး ဝင်ခွင့်လိုအပ်ချက်နှင့် ကျောင်းလျှောက်ထားခြင်းအတွက် အသေးစိတ် သိရှိလိုပါက  ဖုန်း 📞  ၀၉- ၂၅၀၀၀၆၄၂၁၊ ၀၉- ၈၈၇၇၇၆၈၂၆၊ ၀၉-၇၉၈၁၉၁၄၆၂ နှင့် ၀၉ ၄၂၈၆၅၇၃၁၄ သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

Benefits of studying at Singapore Government Polytechnic