+95 9 250 006 421, +95 9 798 191 462
No. 62/72, Chindwin Road, Kamaryut Township, Yangon, Myanmar.
Mon to Fri (8:30 AM to 5:30 PM) & Sat (8:30 AM to 1:00 PM)

Event Info

  • Date 2024-05-11
  • Time 10:30:00
  • Venue Online
  • Speaker LUBC
  • Register
Event Photo

ပညာသင်ဆု အခွင့်အရေးနဲ့ ဘန်ကောက်မြို့ရဲ့ အချက်အချာကျတဲ့ နေရာမှာ UK Business Degree ကို တက်ရောက်ပြီး လုပ်ငန်းခွင်အတွက် ကြိုတင် ပြင်ဆင်နိုင်မယ့် အခွင့်အရေး

 

ပညာသင်ဆု အခွင့်အရေးနဲ့ ဘန်ကောက်မြို့ရဲ့ အချက်အချာကျတဲ့ နေရာမှာ UK Business Degree ကို တက်ရောက်ပြီး လုပ်ငန်းခွင်အတွက် ကြိုတင် ပြင်ဆင်နိုင်မယ့် အခွင့်အရေး အတွက် London Universities at Bangkok Centre (LUBC) ရဲ့ တာဝန်ရှိသူကိုယ်တိုင် ပြောကြားပေးမယ့် ပညာရေး ဟောပြောပွဲကို တက်ရောက်ရန် လေးစားစွာ ဖိတ်ကြားလိုက်ပါရစေ။

ပညာရေး ဟောပြောပွဲကို ဘယ်သူတွေ တက်ရောက်သင့်လဲ။ စီးပွားရေး ပညာရပ်ကို စိတ်ဝင်စားပြီး ပညာသင်ဆုလည်း လျှောက်ချင်တယ်၊ ကျောင်းတက်ရင်း လုပ်ငန်းခွင် အတွေ့အကြုံလည်း ယူချင်သူတွေ အတွက် ရည်ရွယ်ထားတဲ့ ပညာရေး ဟောပြောပွဲ ဖြစ်ပါတယ်။ BEHS, IGCSE, GED, HNC, HND စတဲ့ ပညာအရည်အချင်း အမျိုးမျိုးရှိထားသူတွေ တက်ရောက်နိုင်ပါတယ်။ ပညာရေး ဟောပြောပွဲမှာ ဘာတွေသိရှိနိုင်မလဲ။

နိုင်ငံတကာ အသိအမှတ်ပြု UK Business Degree ကို UK အထိ သွားရောက်စရာမလိုပဲ ကုန်ကျစရိတ်သက်သာစွာနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ဖြစ်စေ၊ ပြည်တွင်းမှာပဲ ဖြစ်စေ ရယူနိုင်မယ့် ပညာရေး အခွင့်အလမ်း ပညာသင်ဆု လျှောက်ထားလိုသူတွေအတွက် တက်ရောက်မယ့် အတန်းအလိုက် မြန်မာကျပ်ငွေ သိန်း ၄၀ ခန့်ကနေ သိန်း ၁၃၀ ခန့်အထိ သက်သာ သွားစေနိုင်မယ့် အခွင့်အရေး အနာဂတ်မှာ စီးပွားရေး လုပ်ငန်ခွင်တွေကို ဝင်ရောက်တဲ့အခါ အသင့်ဖြစ်နေစေမယ့် အလုပ်သင်အခွင့်အရေး စတဲ့ အခွင့်ရေး တွေကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။

ကျောင်းတက်ရင်း လုပ်ငန်းခွင် အတွေ့အကြုံ ရယူလိုသူတွေ အတွက် ဘွဲ့ရပြီးချိန်မှာ လုပ်ငန်းခွင် ဝင်ဖို့ အသင့်ဖြစ်နေစေမယ့် UK Business Degree က သင့်ကို စောင့်ကြိုနေတာမို့ စိတ်ပါဝင်စားသူများ အနေဖြင့် လက်လွတ် မခံပဲ တက်ရောက်သင့်ပါတယ်နော်။

 ဆက်သွယ် မေးမြန်းလိုပါက RVi INSTITUTE ဖုန်း ၀၉ ၂၅၄၇၁၁၈၉၈, ၀၉ ၇၉၈၁၉၁၄၆၂ နဲ့ ၀၉ ၄၂၈၆၅၇၃၁၄ တို့ကို ဆက်သွယ်နိုင်ပါတယ်။